Searching...
Sep 29, 2013

hronic Epididymitis နာတာရှည် ယောက်ျား အကြောရောင်ခြင်း


ကျွန်တော် Chronic epididymitis အကြောင်းသိချင်လို့ပါ။ ဆရာရေးထားတဲ့ Epididymitis အကြာင်းဖတ် ရပါတယ်။ ဒါကြောင့်လည်း ကျွန်တော့မှာဖြစ်နေတာ ဘာလည်းဆိုတာ သိရပါတယ်။ ကျွန်တော်က chronic epididymitis ကို ကုသနည်းသိချင်ပါတယ်။

Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း ကိုရေးပြီးပါပြီ။ အခုရေးမှာ က နာတာ ရှည်ဖြစ်နေတာ အတွက်ပါ။ ချက်ချင်းဖြစ်တာနဲ့ နာတာရှည်ဖြစ်တာ မတူကြပါ။ ၂ လ ၃ လနေလို့မှ မပျောက်ရင် အခုရေးတာကို စဉ်းစားပါ။ ဖြစ်တဲ့ဘက်မှာ တခြားဘက်ထက် ရောင်-ကြီးနေ မယ်။ နှစ်ဖက်လုံးမှာလဲ ဖြစ်နိုင်ပါတယ်။

ယေဘုယျပြောရရင် ဘယ်ပိုး ကနေဖြစ်သလဲ မပြောနိုင်ပါ။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ် မပါဘဲလဲဖြစ်နိုင်တယ်။
အမျိုးအစား (၁) တီဘီကလွဲပြီး တခြားပိုးကြောင့်ဖြစ်ခြင်း၊ ရက်တိုဖြစ်တာကနေ ပြန်ဖြစ်ဖြစ်လာတာမျိုး၊ ပိုးက လိင်ကတဆင့်ကူးတာ ဟုတ်နိုင်သလို မဟုတ်တာလဲဖြစ်နိုင်တယ်။
အမျိုးအစား (၂) တီဘီပိုးကနေဖြစ်ခြင်း၊
အမျိုးအစား (၃) အခြားအကြောင်းမျာကြောင့်ဖြစ်ခြင်း၊ Epididymal cyst အကျိတ်။ testicular cancer ကင်ဆာ။ Varicocele (ဗေရီကိုဆီးလ်) အကျောထုံးခြင်း၊ Vasectomy သားကြောဖြတ်ထားခြင်း၊ Amiodarone (Cordarone) နှလုံးခုန်မှန်အောင်ပေးရတဲ့ဆေး၊ Behcet's disease (ဘက်ဆက်) ရောဂါ။ Testicular torsion ခေါ် တဲ့ ကျား-အစေ့ လိမ်ခြင်းလို အရေးပေါ်ဖြစ်တာနဲ့ခွဲခြားရမယ်။ ဒါဖြစ်ရင် အတင်းနာပြီး အန်ချင်မယ်။ ဒီအချက်နဲ့ ခွဲခြားနိုင်တယ်။

ရောဂါလက္ခဏာများ
တဖြေးဖြေးချင်းအောင့်-နာလာမယ်။ ရောင်လာမယ်။ တဖက်တည်းဖြစ်တာများတယ်။ ဆီးအောင့်မယ်။ ဆီးခဏခဏ သွားချင်မယ်။ သွားချင်ရင် အမြန်ပြေးရမယ်။ ကိုယ်ပူနိုင်တယ်။ ဖျားရင် ချမ်းနိုင်တယ်။ ချက်ချင်းဖြစ်တာမျိုး အစပိုင်းမှာ ပန်းအဖျားပေါက်ကနေ အရည်တခုခုဆင်းချင်ဆင်းနိုင်တယ်။ နာတာ က ပေါ်လိုက်သက်သာလိုက်လဲဖြစ်နိုင်တယ်။ တောက်လျှောက်နာနေတာလဲဖြစ်နိုင်တယ်။ ရက်တိုဆိုတာ ၃-၅ ရက်အတွင်းဖြစ်တယ်။ ၃ဝ-၄ဝ%က ဖြစ်နေပေမဲ့ မခံစားရဘူး။

စစ်ဆေးခြင်း
ဆီးထဲမှာ ၅ဝ% မယ်ဗက်တီးရီးယားတွေ့မယ်။ သွေးဖြူဥများနေမယ်။ ဆီးထွက်ပေါက်ကထွက်တာကိုစစ်ရင် ဂရမ်ပိုး အနုတ်ပြတဲ့ပိုးတွေ့နိုင်တယ်။ ဂနိုးရီးယားပိုနဲ့ (ကလာမိုင်းဒီးယား) ပိုးတွေ့နိုင်တယ်။ ဆစ်ဖလစ်နဲ့ HIV ကိုပါစစ်သင့်တယ်။ Voiding cystourethrogram (VCUG), Retrograde urethrography, Abdominal/pelvic ultrasonography, Radionuclide scanning and scintigraphy, Chest radiography, computed tomography, or excretory urography ဓါတ်မှန်နဲ့ ပုံရိုက်စစ်ဆေးတာတွေလုပ်နိုင်တယ်။

ဘယ်လိုကုသမလဲ
Antibiotics ပဋိဇီဝဆေးများ ၄-၆ ပါတ်ပေးတယ်။ Chlamydia trachomatis နဲ့ Neisseria gonorrhoeae လိင်ကတဆင့် ကူးစက်ပိုးတွေကို ဦးတည်ပြီး ဆေးပေးရမယ်။ ဖြစ်တဲ့နေရာကို လှုတ်ရှားမှုနည်းအောင်နေ ခိုင်းမယ်။ အနာသက်သာဆေး ပေးမယ်။ နာတာဆိုးရင် ရေခဲတင်ပေးရမယ်။ ခွဲစိတ်နည်းတွေကို လိုလာရင် လုပ်ရမယ်။ Epididymotomy နဲ့ Orchiectomy တွေရွေးရတယ်။

Antibiotics ပဋိဇီဝဆေးများ
1. Ceftriaxone (Rocephin)
• Uncomplicated gonococcal infections ရိုးရိုး ဂနိုးရီးယား 250 mg IM အသားဆေး ၁ လုံးထိုးပါ။
• Uncomplicated gonococcal infection of pharynx, cervix, urethra, or rectum ဂနိုးရီးယား လည်ချောင်း၊ သားအိမ်ဝ၊ ဆီးပြွန်၊ အစာဟောင်းအိမ်မှာဖြစ်ခြင်း 250 mg IM once plus azithromycin or doxycycline
• Gonococcal conjunctivitis ဂနိုးရီးယား မျက်စိနာခြင်း 1 g IM အသားဆေး ၁ လုံးထိုးပါ။
• Disseminated Gonococcal infection ပျံ့နေတဲ့ ဂနိုးရီးယား 1 g IV/IM ထိုးဆေး၊ ၁-၂ ရက်ထိုးပါ။ ဆက်ပြီး Cefixime 400 mg ကို တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။
• Endocarditis ဂနိုးရီးယားကြောင့် နှလုံးသားရောင်ခြင်း 1-2 g IV တနေ့ ၂ ကြိမ်၊ ၄ ပါတ်ထိုးပါ၊
• Meningitis ဂနိုးရီးယားကြောင့် ဦးနှောက်မြှေးရောင်ခြင်း 1-2 g IV တနေ့ ၂ ကြိမ်၊ ၁၄ ရက်ထိုးပါ၊

2. Doxycycline (Doryx, Vibramycin)
• Initial အစမှာ 200 mg/day တနေ့ ၂ ခါထိုးပြီး၊ 100-200 mg/day တနေ့ ၂ ခါသောက်ပါ။
• STD Prevention လိင်ကတဆင့် ကူးစက်ရောဂါကို ကာကွယ်အောင် 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။ ဒါက 3-drug regimen ဆေး ၃ မျိုးတွဲ (Ceftriaxone or Cefixime, + Metronidazole + Azithromycin or Doxycycline) ထဲကအတိုင်းဖြစ်တယ်။

3. Azithromycin (Zithromax)
• Gonococcal Urethritis/Cervicitis ဂနိုးရီးယားကြောင့် ဆီးပြွန်၊ သားအိမ်ဝရောင်ခြင်း 2 g တကြိမ် တည်းသောက်ပါ။
• Nongonococcal Urethritis/Cervicitis ဂနိုးရီးယားကြောင့် မဟုတ်ဘဲ ဆီးပြွန်၊ သားအိမ်ဝရောင်ခြင်း 1 g တကြိမ် တည်းသောက်ပါ။
• Acute Pelvic Inflammatory Disease ရက်တို အမျိုးသမီး တင်ပါးဆုံးတွင်းအင်္ဂါတွေရောင်ခြင်း 500 mg IV ဆေးကို ၁ နာရီကြာ ၁-၂ ခါ၊ သွင်းပါ။
• STD Prevention လိင်ကတဆင့်ကူးစက်ရောဂါကို ကာကွယ်အောင် 1 g တခါတည်းသောက်ပါ။ ဒါက 3-drug regimen ဆေး ၃ မျိုးတွဲ (Ceftriaxone or Cefixime, + Metronidazole + Azithromycin or Doxycycline) ထဲက အတိုင်းဖြစ်တယ်။

4. Ofloxacin (Floxin)
• Acute, Uncomplicated Urethral and Cervical Gonorrhea ချက်ချင်းဖြစ်လာတဲ့ ဂနိုးရီးယားကြောင့် ဆီးပြွန်နဲ့ သားအိမ်ဝရောင်ခြင်း 400 mg တခါတည်းသောက်ပါ။
• Nongonococcal Cervicitis/Urethritis or Mixed Infection of Cervix/Urethra ချက်ချင်းဖြစ်လာတဲ့ ဂနိုးရီးယားကြောင့် မဟုတ်တဲ့ ဆီးပြွန်နဲ့ သားအိမ်ဝရောင်ခြင်း 300 mg တနေ့ ၂ ခါ၊ ၇ ရက်သောက်ပါ။
• Acute Pelvic Inflammatory Disease ရက်တို အမျိုးသမီး တင်ပါးဆုံးတွင်းအင်္ဂါတွေရောင်ခြင်း 400 mg တနေ့ ၂ ကြိမ်၊ ၁ဝ-၁၄ ရက်သောက်ပါ။
• Uncomplicated Cystitis due to E. coli or K. pneumonia ပိုးတွေကြောင့် ဆီးအောင့်ခြင်း 200 mg တနေ့ ၂ ကြိမ်၊ ၃ ရက်သောက်ပါ။ တခြားပိုးတွေကြောင့်ဆိုရင် 200 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။
• Complicated UTIs ရှုတ်ထွေးတဲ့ဆီးလမ်းပိုးဝင်ခြင်းများ 200 mg တနေ့ ၂ ကြိမ်၊ ၁ဝ ရက်သောက်ပါ။

5. Ciprofloxacin (Cipro)
• UTI Acute uncomplicated ရက်တိုဆီးလမ်းပိုးဝင်ခြင်း 250 mg တနေ့ ၂ ကြိမ်၊ ၃ ရက်သောက်ပါ။ 500 mg တနေ့ ၁ ကြိမ်၊ ၃ ရက်သောက်ပါ။
• Severe/complicated ဆိုးတာဖြစ်ရင် 500 mg တနေ့ ၂ ကြိမ်သောက်ပါ၊ ဒါမှမဟုတ် 400 mg IV တနေ့ ၂ ကြိမ်ထိုးပါ၊ ၇-၁၄ ရက်ကြာ။
• Urethral and Cervical Gonococcal Infections Uncomplicated ဆီးပြွန်နဲ့ သားအိမ်ဝရောင်ခြင်း (ရိုးရိုး) 250 mg တနေ့ ၁ ကြိမ်သောက်ပါ။

6. Trimethoprim-sulfamethoxazole (Bactrim, Bactrim DS, Septra, Septra DS)
• Urinary Tract Infections ဆီးလမ်းပိုးဝင်ခြင်း 1 tab တနေ့ ၁ ပြားသောက်ပါ။

7. Levofloxacin (Levaquin)
• Complicated UTI/Acute Pyelonephritis ရှုတ်ထွေးတဲ့ ဆီးလမ်းပိုးဝင်ခြင်းများ 250 mg တနေ့ ၁ ခါ၊ ၁ဝ ရက် ထိုးပါ။ ဒါမှမဟုတ် 750 mg တနေ့ ၁ ခါ၊ ၅ ရက်ထိုးပါ။
• Uncomplicated UTI ရိုးရိုးဆိးလမ်းပိုးဝင်ခြင်း 250 mg တနေ့ ၁ ခါ၊ ၃ ရက်ထိုးပါ။

8. Ampicillin
• Gonorrhea Genitourinary Tract Infections ဆီးလမ်း-လိင်လမ်းပိုးဝင်ခြင်း 500 - 2000 mg IV ကို ၆ နာရီတခါထိုးပါ။
• GI Tract Infections အစာလမ်းပိုးဝင်ခြင်း 500 mg ဆေးကို ၆ နာရီတခါထိုးပါ။ ဒါနဲ့အတူ 1 g of probenecid ဆေးလဲထိုးပါ။

9. Antituberculous drugs တီဘီပိုးအတွက် Rifampin + Isoniazid + Pyrazinamide

ဒေါက်တာတင့်ဆွေ

1 comments:

  1. Hronic Epididymitis နာတာရှည် ယောက်ျား အကြောရောင်ခြင်း - ရွှေချောင်းသားလေး >>>>> Download Now

    >>>>> Download Full

    Hronic Epididymitis နာတာရှည် ယောက်ျား အကြောရောင်ခြင်း - ရွှေချောင်းသားလေး >>>>> Download LINK

    >>>>> Download Now

    Hronic Epididymitis နာတာရှည် ယောက်ျား အကြောရောင်ခြင်း - ရွှေချောင်းသားလေး >>>>> Download Full

    >>>>> Download LINK 7W

    ReplyDelete

 
Back to top!