Searching...
Oct 15, 2013

ဘုရားရှိခိုး ပူဇော်နည်း


မြတ်စွာဘုရားကို ရှိခိုးပူဇော်တဲ့ အခါမှာ
“ ဘယ်ဘုရားက ဆုတောင်းပြည့်သတဲ့၊
ဘယ်ဘုရားက အလိုတော်ပြည့်သတဲ့ ”
ဒီလို အညံ့စားစိတ်ဓာတ်လေးနဲ့ မပူဇော်
သင့်ပါဘူး။ မြတ်စွာဘုရားရဲ့ ပုံတော်မှာ
ဂုဏ်တော်တွေ ထုံမွှမ်းပြီး ရှိခိုးပူဇော်
သင့်ပါတယ်။ ဘုရားဖူးသွားတဲ့ အခါ
မှာလည်း “ ဒီဘုရားက ဘယ်လိုနာမည်
ကြီးတာ၊ ဘယ်လို တန်ခိုးကြီးတာ ”
ဒါမျိုးစိတ်ထားနဲ့ မဖူးမြော်သင့်ပါဘူး။
ဒီလို စိတ်ထားမျိုးနဲ့ ဆည်းကပ် ကိုးကွယ်
နေခဲ့ရင် သဒ္ဓါတရား မစစ်မှန်သေးဘူး
ဆိုတာ ပြနေပါတယ်။

- ( မြစကြာဆရာတော် )
Young Buddhist's Association

0 comments:

Post a Comment

 
Back to top!