Searching...
Oct 19, 2013

“ပထမဦးဆုံး အစိုးရ အထက်တန်းကျောင်း (High school) ရှိသည့် မြို့နယ်”



Photo: “ပထမဦးဆုံးအစိုးရအထက်တန်းကျောင်း (High school) ရှိသည့်မြို့နယ်” အလောင်းဘုရား၏ ရန်ကုန်မြို့ကွက်မှာ လသာမြို့နယ်တည်နေရာတွင် တပ်ကလေးရပ်တည်ရှိခဲ့သည်။ နယ်ချဲ့တို့၏ရန်ကုန်မြို့ ကွက်တွင် ပေတစ်ရာလမ်းကျယ်ကို အမှတ်(၆၇) ဘင်္ဂါလီတပ်က Capt Thomas Latter အားအကြောင်းပြုကာ (Latter Street) လတ္တာလမ်းလို့အမည်ပေးခဲ့ခြင်းဖြစ်သည်။ ဂျပန်ခေတ် ဒေါက်တာဗမော်အစိုးရလက်ထက်မှာ လသာလမ်းဟု အမည်ပြောင်းပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကုန်ဈေးတန်းနှင့် ကပ်လျက်မှာ ကုန်းဘောင်ခေတ်အဝေးရောက်မြို့ဝန် ရန်ကုန်မြို့ ကိုအုပ်ချုပ်ခဲ့စဉ်က ''အုတ်သာရပ်''ရှိခဲ့သည့်အတွက် ''လတ္တာ'' ဆိုသောမြန်မာမှုမဆန်တဲ့အမည်ကို ''လသာ''ဟူ၍ လှပသာယာသောအသံလည်းသာ အဓိပ္ပါယ် လည်း လေးနက်သည့် ဝေါဟာရနှင့် ''အသံဖလှယ်'' ပြောင်းလဲခေါ်ဝေါ်စေခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့ကို နယ်မြေ (၁၂)ခုဖြင့် ပိုင်းခြားခဲ့စဉ်က အမှတ် (၆) နယ်မြေ၊လသာဒေသစိတ်ဖြစ်ခဲ့သည်။ ၁၉၇၂ခုနှစ်၊ စနစ်သစ်အုပ်ချုပ်ရေးကာလမှာ''လသာမြို့နယ်'' ဖြစ်လာသည်။ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် (၁၃) မြို့နယ်တွင်ပါဝင်ကာ မြို့နယ်အကျယ်အဝန်းမှာ (ဝ ဒသမ၃၁၄) စတုရန်း မိုင်ကျယ်ဝန်းပြီး၊ ရပ်ကွက် (၁ဝ) ရပ်ကွက်နှင့် ဖွဲ့စည်းထားကာ အရှေ့ဘက်နယ်နိမိတ်မှာ ရွှေတိဂုံဘုရားလမ်းနှင့် အနောက်ဘက်နယ် နိမိတ်မှာ လမ်းမတော်လမ်း ဖြစ်သည်။ ကုန်းဘောင်ခေတ်က လသာမြို့နယ်တည်ရာသည် ဘုန်းတော်ကြီးေ ကျာင်းများ၊ ရှင်ပင်ရွှေကြိုဘုရားနှင့် တပ်ကလေးရပ်၊ တပ်ကလေးဈေးတို့အပြင် တရုတ်သင်္ဘောဆိပ် China's Wharf လည်းတည်ရှိခဲ့သည်။ “လသာမြို့နယ်အတွင်းက သမိုင်းတင်လမ်းများ(taroktar Street)” ရွှေတိဂုံ ဘုရားလမ်း(အောက်လမ်း)ကို တာအုတ်တန်းလို့ခေါ်တွင်ခဲ့သည်။ china Street လို့လည်းခေါ်တွင်ခဲ့သည်။ တရုတ်သင်္ဘောဆိပ် China's Wharf လည်းတည်ရှိခဲ့သည်။ ယခုအခါ လသာမြို့နယ်နိမိတ်အဖြစ် တည် ရှိနေပြီဖြစ်သည်။ “ပေ ၅ဝ မောင်ခိုင်လမ်းမှသည် ဗိုလ်ရွဲလမ်းဖြစ်တည်လာ” နယ်ချဲ့တို့၏ မြို့ကွက် သစ်တွင် ပေ၅ဝ လမ်းလတ်အဖြစ် စတင်ဖောက်လုပ်ခဲ့ပြီး စစ်ကဲမောင်ထော်လေး၏ သမက်တွံတေးနယ် ပိုင်တရားသူကြီး စစ်ကဲမောင်ခိုင်ကို နယ်ချဲ့အလိုကျ အမှုထမ်းဆောင်နိုင်ခဲ့လို့ မောင်ခိုင် လမ်းအမည်ပေး ခဲ့သည်မှာ ၁၉၈၉ ခုနှစ်အထိဖြစ်သည်။ ယခုအခါ နယ်ချဲ့တော်လှန်ရေးဆင်နွှဲခဲ့သူဗိုလ်ရွဲလမ်းလို့ အမည်ပြောင်းပေးထားသည်။ သမိုင်းဝင် ပညာဝတီပုံနှိပ်တိုက်တည်ရှိခဲ့သော လမ်းဖြစ်သည်။ “စဥ့်အိုးတန်း လမ်း (Crisp Street)” အလောင်းဘုရား ရန်ကုန်မြို့ကွက်မှာ စဥ့်အိုးဖောင်တွေ ဆိုက်ကပ်ရောင်းချရာဖြစ်ခဲ့၍ စဥ့်အိုးတန်းခေါ်ခဲ့ရာမှ နေနယ်ချဲ့ခေတ်တွင် ရန်ကုန်မြို့၏လူရှုပ်လူပွေစာရင်းဝင် Malcon Crisp ၏သား Charles Malcon Crisp (စာတိုက်ဗိုလ်)ကို အကြောင်းပြုကာ Crisp လမ်းအမည်တွင်လာသည။၊ ၁၉၈၉ ခုနှစ်မှသာ စဥ့်အိုးတန်းပြန်ဖြစ်လာသည်။ “ဘိန်းရုံတန်းနှင့် အဓမ္မလက်ကြားလမ်း” လသာမြို့နယ်က ဂဏန်းသင်္ချာတပ်လမ်းများမှာ အနောက်ဘက်တွင် ၁၇လမ်းနှင့် အရှေ့ဘက်မှာ ၂၄ လမ်းအထိဖြစ်သည်။ အလောင်းဘုရား ရန်ကုန်မြို့ကွက်ကာလက ၂၃ လမ်းကို ဘိန်းရုံတန်းနှင့်၂၄ လမ်းကို အဓမ္မလက်ကြား လမ်းလို့ခေါ်ခဲ့သည်။ စစ်ကြိုခေတ်အထိ နေအေးလိမ်နည်းတွေ ဖြစ်ပွားခဲ့သောနေရာအဖြစ်ရှိခဲ့သည်။ “လ သာမြို့နယ်အတွင်းက သမိုင်းဝင် ရှေးဟောင်းလက်ရာ အဆောက်အအုံများ” ရန်ကုန်မြို့ မှာ ရှေးဟောင်း အကျဆုံးဖြစ်သည့် ကွမ်တုံကွမ်ရင်မယ်တော်ဘုရားကျောင်း၊ ဖူကျင်စိန်ဟုတ် တရုတ်ဗုဒ္ဓဘာသာ ဘု ရားကျောင်း၊ လျောင်စန်တောင်ဘုရားကျောင်းနှင့် ဟိန္ဒူဘာသာဝင်တို့၏ မဟာပိန္နဲဘုရားကျောင်းအပြင် မွတ်စလင် ဘာသာဝင်တို့၏ ဂိုလာမ်အာရစ်(ဖ်)မက်စ်ဂျစ်၊ ဝကပ်လမ်းမတော် ဗလီကြီးသည် နယ်မြေပိုင်းခြား မှုအရ လသာမြို့နယ်အတွင်းမှာ တည်ရှိနေသည်။ ထို့အပြင် ရန်ကုန်မြို့၏ ပထမဦးဆုံး အစိုးရအထက် တန်းကျောင်း High school ဖြစ်ခဲ့သည့် အ-ထ-က (၁) လသာသည် နန်းတော်ရှေ့ဆရာ တင်ရေးသား စီကုံးပေးခဲ့သော ဟိုက်စကူးကျောင်းသီချင်းကြောင့် ထင်ရှားခဲ့သည်သာမက ရန်ကုန်မြို့၏ ပထမဆုံးကော် မရှင်နာ ဆာအာသာဖယ်ရာ၏ နေအိမ်တည်ရှိရာလည်း ဖြစ်ခဲ့သည်။ ပထမဦးဆုံးကော လိပ်ကျောင်းဖြစ် သည့် ရန်ကုန်ကောလိပ်အဆောက်အအုံကြီးတည်ရာလည်း ဖြစ်ခဲ့သည်။ လသာမြို့နယ်အတွင်းရှိ မြေတိုင်း ရပ်ကွက် အမှတ်၂ဝ မှာ၊ ရန်ကုန်မြို့၏ ပထမဦးဆုံးပန်းဥယျာဉ်ကြီး ဖြစ်သည့် Hosti culture Garden ကြီး တည်ရှိခဲ့ဖူးသည်။ ယခုအခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ရှေးဟောင်း လက်ရာအဆောက်အအုံအမှတ်စဉ် (၉)မှာ ပါဝင်နေသည့် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး(Y.G.H)သည် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ တည်ရှိနေတာ ခရစ် ၁၈၇၃ ခုနှစ်ကတည်းကဆိုလျှင် မျက်မှောက်ပြုနေသည့် ခရစ်၂ဝ၁၃ ခုနှစ်မှာ သက်တမ်း ၁၄ဝ နှစ်ရှိနေပြီဖြစ်သည်။ Ref: မောင်မြတ်မွန်(ဆူးလေ)၊ မြို့တော်သတင်း

အလောင်းဘုရား၏ ရန်ကုန်မြို့ကွက်မှာ လသာမြို့နယ်တည်နေရာတွင် တပ်ကလေးရပ်တည်ရှိခဲ့သည်။ နယ်ချဲ့တို့၏ရန်ကုန်မြို့ကွက်တွင် ပေတစ်ရာလမ်းကျယ်ကို အမှတ်(၆၇) ဘင်္ဂါလီတပ်က Capt Thomas
Latter အားအကြောင်းပြုကာ (Latter Street) လတ္တာလမ်းလို့အမည်ပေးခဲ့ခြင်းဖြစ်သည်။

ဂျပန်ခေတ် ဒေါက်တာဗမော်အစိုးရလက်ထက်မှာ လသာလမ်းဟု အမည်ပြောင်းပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကုန်ဈေးတန်းနှင့် ကပ်လျက်မှာ ကုန်းဘောင်ခေတ်အဝေးရောက်မြို့ဝန် ရန်ကုန်မြို့ ကိုအုပ်ချုပ်ခဲ့စဉ်က ''အုတ်သာရပ်''ရှိခဲ့သည့်အတွက် ''လတ္တာ'' ဆိုသောမြန်မာမှုမဆန်တဲ့ အမည်ကို ''လသာ''ဟူ၍ လှပသာယာသောအသံလည်းသာ အဓိပ္ပါယ်လည်း လေးနက်သည့် ဝေါဟာရနှင့် ''အသံဖ လှယ်'' ပြောင်းလဲခေါ်ဝေါ်စေခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ကို နယ်မြေ (၁၂)ခုဖြင့် ပိုင်းခြားခဲ့စဉ်က အမှတ် (၆) နယ်မြေ၊လသာဒေသစိတ်ဖြစ်ခဲ့သည်။ ၁၉၇၂ခုနှစ်၊ စနစ်သစ်အုပ်ချုပ်ရေးကာလမှာ''လသာမြို့နယ်'' ဖြစ်လာသည်။ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် (၁၃) မြို့နယ်တွင်ပါဝင်ကာ မြို့နယ်အကျယ်အဝန်းမှာ (ဝ ဒသမ၃၁၄) စတုရန်း မိုင်ကျယ်ဝန်းပြီး၊ ရပ်ကွက် (၁ဝ) ရပ်ကွက်နှင့် ဖွဲ့စည်းထားကာ အရှေ့ဘက်နယ်နိမိတ် မှာ ရွှေတိဂုံဘုရား လမ်းနှင့် အနောက်ဘက်နယ်နိမိတ်မှာ လမ်းမတော်လမ်း ဖြစ်သည်။ ကုန်းဘောင်ခေတ်က လသာမြို့နယ် တည်ရာသည် ဘုန်းတော်ကြီးကျောင်းများ၊ ရှင်ပင်ရွှေကြိုဘုရားနှင့် တပ်ကလေးရပ်၊ တပ်ကလေးဈေးတို့ အပြင် တရုတ်သင်္ဘောဆိပ် China's Wharf လည်းတည်ရှိခဲ့သည်။

“လသာမြို့နယ်အတွင်းက သမိုင်းတင်လမ်းများ(taroktar Street)”

ရွှေတိဂုံဘုရားလမ်း(အောက်လမ်း)ကို တာအုတ်တန်းလို့ခေါ်တွင်ခဲ့သည်။ china Street လို့လည်းခေါ်တွင်ခဲ့ သည်။ တရုတ်သင်္ဘောဆိပ် China's Wharf လည်းတည်ရှိခဲ့သည်။ ယခုအခါ လသာမြို့နယ်နိမိတ်အဖြစ် တည်ရှိနေပြီဖြစ်သည်။

“ပေ ၅ဝ မောင်ခိုင်လမ်းမှသည် ဗိုလ်ရွဲလမ်းဖြစ်တည်လာ”

နယ်ချဲ့တို့၏ မြို့ကွက်သစ်တွင် ပေ၅ဝ လမ်းလတ်အဖြစ် စတင်ဖောက်လုပ်ခဲ့ပြီး စစ်ကဲမောင်ထော်လေး၏ သမက်တွံတေးနယ်ပိုင် တရားသူကြီး စစ်ကဲမောင်ခိုင်ကို နယ်ချဲ့အလိုကျ အမှုထမ်းဆောင်နိုင်ခဲ့ လို့ မောင်ခိုင်လမ်း အမည်ပေးခဲ့သည်မှာ ၁၉၈၉ ခုနှစ်အထိဖြစ်သည်။ ယခုအခါ နယ်ချဲ့တော်လှန်ရေး ဆင်နွှဲခဲ့သူဗိုလ်ရွဲလမ်းလို့ အမည်ပြောင်းပေးထားသည်။ သမိုင်းဝင် ပညာဝတီပုံနှိပ်တိုက်တည်ရှိခဲ့သော လမ်းဖြစ်သည်။

“စဥ့်အိုးတန်းလမ်း (Crisp Street)”

အလောင်းဘုရား ရန်ကုန်မြို့ကွက်မှာ စဥ့်အိုးဖောင်တွေ ဆိုက်ကပ်ရောင်းချရာဖြစ်ခဲ့၍ စဥ့်အိုးတန်းခေါ် ခဲ့ရာမှ နေနယ်ချဲ့ခေတ်တွင် ရန်ကုန်မြို့၏လူရှုပ်လူပွေစာရင်းဝင် Malcon Crisp ၏သား Charles Malcon Crisp (စာတိုက်ဗိုလ်)ကို အကြောင်းပြုကာ Crisp လမ်းအမည်တွင်လာသည။၊ ၁၉၈၉ ခုနှစ်မှသာ စဥ့်အိုးတန်းပြန်ဖြစ်လာသည်။

“ဘိန်းရုံတန်းနှင့် အဓမ္မလက်ကြားလမ်း”

လသာမြို့နယ်က ဂဏန်းသင်္ချာတပ်လမ်းများမှာ အနောက်ဘက်တွင် ၁၇လမ်းနှင့် အရှေ့ဘက်မှာ ၂၄ လမ်းအထိဖြစ်သည်။ အလောင်းဘုရား ရန်ကုန်မြို့ကွက်ကာလက ၂၃ လမ်းကို ဘိန်းရုံတန်းနှင့်၂၄ လမ်းကို အဓမ္မလက်ကြားလမ်းလို့ခေါ်ခဲ့သည်။ စစ်ကြိုခေတ်အထိ နေအေးလိမ်နည်းတွေ ဖြစ်ပွားခဲ့သောနေရာ အဖြစ်ရှိခဲ့သည်။

“လသာမြို့နယ်အတွင်းက သမိုင်းဝင် ရှေးဟောင်းလက်ရာ အဆောက်အအုံများ”

ရန်ကုန်မြို့မှာ ရှေးဟောင်းအကျဆုံးဖြစ်သည့် ကွမ်တုံကွမ်ရင်မယ်တော်ဘုရားကျောင်း၊ ဖူကျင်စိန်ဟုတ် တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်း၊ လျောင်စန်တောင်ဘုရားကျောင်းနှင့် ဟိန္ဒူဘာသာဝင်တို့၏ မဟာပိန္နဲ ဘုရားကျောင်းအပြင် မွတ်စလင်ဘာသာဝင်တို့၏ ဂိုလာမ်အာရစ်(ဖ်)မက်စ်ဂျစ်၊ ဝကပ်လမ်းမတော် ဗလီကြီး သည် နယ်မြေပိုင်းခြားမှုအရ လသာမြို့နယ်အတွင်းမှာ တည်ရှိနေသည်။

ထို့အပြင် ရန်ကုန်မြို့၏ ပထမဦးဆုံး အစိုးရအထက်တန်းကျောင်း High school ဖြစ်ခဲ့သည့် အ-ထ-က (၁) လသာသည် နန်းတော်ရှေ့ဆရာတင်ရေးသားစီကုံးပေးခဲ့သော ဟိုက်စကူးကျောင်းသီချင်းကြောင့် ထင်ရှားခဲ့ သည်သာမက ရန်ကုန်မြို့၏ ပထမဆုံးကော်မရှင်နာ ဆာအာသာဖယ်ရာ၏ နေအိမ်တည်ရှိရာ လည်း ဖြစ် ခဲ့သည်။ ပထမဦးဆုံးကောလိပ်ကျောင်းဖြစ်သည့် ရန်ကုန်ကောလိပ်အဆောက်အအုံကြီး တည်ရာလည်း ဖြစ် ခဲ့သည်။

လသာမြို့နယ် အတွင်းရှိ မြေတိုင်းရပ်ကွက် အမှတ်၂ဝ မှာ၊ ရန်ကုန်မြို့၏ ပထမဦးဆုံးပန်း ဥယျာဉ်ကြီး ဖြစ် သည့် Hosti culture Garden ကြီး တည်ရှိခဲ့ဖူးသည်။

ယခုအခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ရှေးဟောင်းလက်ရာအဆောက်အအုံ အမှတ်စဉ် (၉)မှာ ပါဝင်နေသည့် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး(Y.G.H)သည် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ တည်ရှိနေတာ ခရစ် ၁၈၇၃ ခုနှစ်ကတည်းကဆိုလျှင် မျက်မှောက်ပြုနေသည့် ခရစ်၂ဝ၁၃ ခုနှစ်မှာ သက်တမ်း ၁၄ဝ နှစ်ရှိနေပြီဖြစ်သည်။

Ref: မောင်မြတ်မွန်(ဆူးလေ)၊ မြို့တော်သတင်း
ရှားရှားပါးပါးဗဟုသုတများ



0 comments:

Post a Comment

 
Back to top!