Searching...
Sep 30, 2013

ဖားကန့်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

 
 နေပြည်တော်၊ စက်တင်ဘာ ၃၀

၂၉-၉-၂၀၁၃ ရက်နေ့ ၀၈၀၀ အချိန် ကချင်ပြည်နယ်၊ မူးယစ်တပ်ဖွဲ့စု(၂)၊ မြစ်ကြီးနားမူးယစ် (အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ဖားကန့်မြို့နယ်၊ မှော်စီဇာကျေး ရွာ၊ အေ၀မ်းရပ်နေ စောအောင်မင်းဦး(၂၈)နှစ်နှင့် သိန်းနိုင်ဌေး(ခ)အိုက်စိုင်း(၂၈)နှစ် တို့၏နေအိမ်အား ၀င်ရောက် ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား(၅၈၆)ပြား၊ တန်ဘိုးငွေ ကျပ်(၃၅၁၆၀၀၀ိ/-)အားသိမ်းဆည်းရမိသဖြင့် စောအောင်မင်းဦးနှင့် သိန်းနိုင်ဌေး(ခ)အိုက်စိုင်းတို့ ၂ ဦးအား ဖားကန့်မြို့မရဲစခန်း မယ(ပ)၇၄/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
 
ရဲဇာနည်

0 comments:

Post a Comment

 
Back to top!