Searching...
Sep 30, 2013

အချစ်ဦးဆိုတာ မဟုတ်ပေမယ့် ချစ်သူနှစ်ဦးပါ



သူကလဲ အရာရာပြီးပြည့်စုံတဲ့ သူတစ်ယောက်
မဟုတ်သလို ငါကလဲ အရာရာဖြည့်ဆည်းပေး
နိုင်တဲ့ သူ မဟုတ်ခဲ့ပါဘူး………

ဒါပေမဲ့ အရမ်းပင်ပန်းနေတဲ့အချိန်တွေဆို
နားလည်မှုလေးတွေနဲ့ အားပေးရင်း အပြန်
အလှန် အရာရာထက် ပိုဂရုစိုက်ပေးခဲ့ကြတယ်

သူကလဲ လိုအပ်ချက်တွေမရှိတဲ့သူ တစ်
ယောက်မဟုတ်ခဲ့သလို ငါကလဲ သူအတွက်
လိုအပ်မှုမရှိတဲ့ သူမဟုတ်ခဲ့ပါဘူး………

ဒါပေမဲ့ အခက်အခဲဆိုတာရှိလာတဲ့အချိန်တိုင်း
အကောင်းဆုံးနားလည်မှုလေးတွေနဲ့ အပြန်
အလှန် ဖေးမပေးခဲ့ကြတယ်………

ငါတို့ နှစ်ယောက်အတွက် အချစ်ဦးဆိုတာ
မဟုတ်ခဲ့ပေမဲ့ ဘဝမှာ တစ်ယောက်တည်း
သော အချစ်ဆုံးသူအဖြစ် ဘဝတစ်ခုလုံး
လက်တွဲသွားချင်ပီး အပြန်အလှန်တန်ဖိုးထား
နေကြတဲ့ ချစ်သူ နှစ်ယောက်ပါ………



♠ Khin Myo Aye ♠

0 comments:

Post a Comment

 
Back to top!