Searching...
Sep 30, 2013

အယ်မေးရီးယားပွဲမှာ အနာဟောင်း ပြန်ပေါ်ခဲ့တဲ့ လီယိုနယ် မက်ဆီ


စနေညမှာ တုန်းက အယ်မေးနီးယား အသင်းဖြင့် ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘာစီလိုနာ အသင်းက ၂ ဂိုး ၀မရှိဖြင့် အနိုင်ရခဲ့ ပါတယ်။ အဲ့ဒီပွဲစဉ်မှာ လီယိုနယ် မက်ဆီဟာ အသင်းအတွက် အနိုင်ဂိုး တစ်ဂိုးသွင်း ယူနိုင်ခဲ့ပြီး၊ လာလီဂါရာသီ အစမှာ ၈ ဂိုးမြောက် သွင်းယူနိုင်ခဲ့ပါတယ်။ ဘာကာ အတွက် ဦးဆောင်ဂိုးကို ၂၁ မိနစ် မှာ မှော်ဆန်ဆန် အစွမ်းပြမှုတွေနဲ့ ရယူပေးခဲ့ လိုက်နိုင်တာပါ။

ဂိုးသွင်းယူပြီး သိပ်မကြာခင်မှာ လီယိုနယ် မက်ဆီတစ်ယောက် အရင်ဒဏ်ရာဟောင်းဖြစ်တဲ့ ညာ ဘက်ခြေထောက် ကြွက်သားနာကျင်မှု ဒဏ်ကြောင့် ၂၇ မိနစ်အကြာမှာ တဖက်ဂိုးသမားကို အဝေးကန်ချက်ဖြင့် ဖိအားပေးပြီးနောက် နည်းပြ မာတီနို ကို လူစားလှဲဖို့ ပြောခဲ့ပါသည်။ ၂၉ မိနစ်မှာ ကွင်းလယ်လူ ဇာဗီ ဖြင့် လူစားထိုးခဲ့ရပါတယ်။

မက်ဆီအနေဖြင့် ပွဲပြီးတဲ့အထိ နားနေခုံမှာ ထိုင်ပြီး အသင်းကစားပုံကို ကြည့်နေခဲ့ရတာပါ။ မက်ဆီအနေဖြင့် အရင် လာလီဂါ ဒုတိယအကျော့တွေမှာ ဘယ်ဘက် ကြွက်သား ဒဏ်ရာကြောင့် အနားယူခဲ့ ရပါသေးတယ်။ အာဂျင်တီးနား တိုက်စစ်မှုးသည် အရင်နှစ် ရာသီကုန်လောက်မှာလည်း ညာဘက် တံကောက်ကျော ဒဏ် ရာကြောင့် တချို့ပွဲစဉ်များကို လွဲချော်ခဲ့ ရပါသည်။ ဘာစီလိုနာ အသင်းသည် လာမည့် အင်္ဂါနေ့မှာ ဆဲလ်တစ် အသင်းဖြင့် ချန်ပီယံလိပ်ဂ် အုပ်စုပွဲစဉ် အဖြစ် အဝေးကွင်းမှာ သွားရောက် ကန်ဖို့လည်း ရှိနေပါတယ်။ထိုနေ့မှာ မက်ဆီ မပါဝင်နိုင်ပါက နေးမားဖြင့် တိုက်စစ်အစားထိုးရန် စီစဉ်ထား တယ်လို့ သိရပါတယ်။

မက်ဆီ၏ ဒဏ်ရာဟောင်းက ပွဲမတိုင်မှီ တရက်လို သူ နှင့် သူ့ဖခင် တို့ တရားရုံးမှာ အခွန်လိမ်လည်မှု ဖြစ်စဉ်ကို ဖြေရှင်းနေတဲ့ အချိန်မှာကတည်းက ဒဏ်ရရှိခဲ့တာပါ။ တနင်္ဂနွေမှာ ဆေးထပ်မံ စစ်ဆေးပြီး ရလဒ်ကို ထုတ်ပြန်ဖို့ ရှိကြောင်းကိုလည်း ကလပ်အသင်း၏ တွိတာ အကောင့်မှ သတင်းပေးပို့ထားတယ် လို့လည်း သိရပါသည်။

Ref - http://football-cafe.com

0 comments:

Post a Comment

 
Back to top!