Searching...
Sep 29, 2013

အမေ



* လူတိုင်းမှာ အမေဆိုတာ ရှိပါတယ်။ အမေတိုင်းဟာလည်း သားသမီးတိုင်း ရဲ့ဘ၀ကို တိုးတက်စေချင်တဲ့ စိတ်၊ အောင်မြင်ကျော်ကြားစေချင်တဲ့ စိတ်အ မြဲ ရှိကြပါတယ်။

* အမေဆိုတာ သားသမီးတိုင်းအတွက် လမ်းမှားရောက်စေဖို့ထက် လမ်းမှန် ရောက်စေဖို့ပဲ ညွှန်လေ့ရှိပါ တယ်။ တကယ်လမ်းမှားနေရောက်နေတဲ့ သားသမီးဆိုရင်လည်း နားလည်ခွင့်လွှတ်တတ်တဲ့ မေတ္တာတွေ အမြဲလွှမ်းခြုံနေ တတ်ပါတယ်။

* တကယ်တော့ အမေတိုင်းဟာ သားသမီးတိုင်းရဲ့ လမ်းပြကြယ်စင် အနှိုင်းမဲ့ မေတ္တာရှင်တွေပါပဲ။ အမေ ဆိုတဲ့ စကားလုံးလေးက နှစ်လုံးတည်းပါ။ ဒါပေမဲ့ သူတို့တွေရဲ့ စေတနာ၊ မေတ္တာ၊ အကြင်နာ ကရုဏာတွေ က မရေမတွက် နိုင်အောင် များပြားလွန်းလှပါတယ်။

* ဒါကြောင့် အမေ့မေတ္တာကို နားလည်ပါ။ မပေးဆပ်နိုင်ရင် နေပါ။ ကျေးဇူးမကန်း မိပါစေနဲ့။ အမေအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြပါစေ။

'ဌေး' သာမဏေကျော်ဆရာတော်
ပုဂံအွန်လိုင်းမီဒီယာ

0 comments:

Post a Comment

 
Back to top!