Searching...
Oct 15, 2013

ချစ်သူဖြင့် အဆင်မပြေ ခဏတာ

 
ချစ်သူနှစ်ယောက်ကြားမှာ ခဏ ခဏ စိတ်ဆိုး
စိတ်ကောက်မှုတွေပဲ များနေတယ်ဆိုရင်လဲ တစ်ယောက်
ကို တစ်ယောက် ဂရုစိုက်တဲ့ အချိန်လေးတွေ လျှော့လာ
တတ်တယ်

ချစ်သူနှစ်ယောက်ကြားမှာ အဆင်မပြေမှုတွေက
ခဏ ခဏ ဆိုရင်လဲ တစ်ယောက်နဲ့တစ်ယောက်ကြား
်နာကျင်မှုတွေပဲ တဖြည်းဖြည်းနဲ့ တိုး တိုးလာတတ်တယ်

ချစ်သူနှစ်ယောက်ကြားမှာ တစ်ယောက်မကြိုက်တဲ့
အရာတွေကို တစ်ယောက် ခဏ ခဏ လုပ်နေမယ်
ဆိုရင်လဲ အချိန်တွေကြာလာတဲ့အခါ ငြိုငြင်မှုတွေပဲ
တဖြည်းဖြည်း တိုးလာတတ်တယ်

တစ်ယောက်ကို တစ်ယောက် အရမ်းချစ်တယ်ဆိုရင်
အဆင်မပြေမှုတွေနဲ့ နာကျင်စေမဲ့အစား နားလည်မှုလေး
တွေနဲ့ ကိုယ်ချစ်တဲ့သူအတွက်ဆိုပီး ပြောင်းလဲပေးလိုက်
တာက ချစ်သူနှစ်ယောက်အတွက် ပျော်ရွှင်စရာလေး
တွေကို ခံစားရစေနိုင်တာပဲလေ…………

Khin Myo Aye

0 comments:

Post a Comment

 
Back to top!