Searching...
Oct 29, 2013

တန်ဖိုးထားသော ချစ်သူ


တစ်ယောက်ကို တစ်ယောက် အရမ်းတန်ဖိုးထားတဲ့
ငါတို့အတွက် ခဏလောက် အဆက်အသွယ်မရတဲ့
အချိန်တွေမှာတောင် အရမ်းကိုလွမ်းနေမိတယ်

တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့
ငါတို့အတွက်တော့ စိတ်ဆိုး စိတ်ကောက်လို့စကား
မပြောကြတဲ့အချိန်ခဏကလဲ အရမ်းကို နာကျင်ရတယ်

တစ်ယောက်နဲ့တစ်ယောက် အနေဝေးနေရတဲ့
ငါတို့အတွက်တော့ ဆုံတွေ့ခွင့်ရမဲ့ အချိန်လေးတွေကို
စောင့်နေရတာလဲ အချိန်တွေက ကုန်ခဲလှတယ်

တစ်ယောက်မရှိရင်တစ်ယောက် မနေတတ်တဲ့
ငါတို့အတွက်တော့ ငါတို့နှစ်ယောက်ကို လက်တွဲခွင့်
မပေးမှာကိုလဲ ကံကြမ္မာကြီးကို ငါတို့တွေအရမ်းကြောက်
နေမိကြတယ်

ဒါပေမဲ့ အားတင်းထားကြမယ် ချစ်သူရယ် အချစ်စစ်မှန်
ရင် ငါတို့တွေ တစ်နေ့ပေါင်းစပ်ခွင့်ဆိုတာကို ပိုင်ဆိုင်
ရမယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ပေါ့

Poem

1 comments:

 
Back to top!