Searching...
Oct 25, 2013

“သမိုင်းဝင်ဈေးများ တည်ရာမြို့နယ်”



Photo: “သမိုင်းဝင်ဈေးများ တည်ရာမြို့နယ်” ပန်းဘဲတန်းဆိုသည်မှာ သံထည်အမျိုးမျိုးကိုသွန်းထုသည့် အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းကြသူများ အခြေချနေထိုင်သောအရပ်ဖြစ်သည်။ “ဘုရားမတင်၊ နတ်မ၀င်” ပန်းဆယ်မျိုးမှာပါဝင်နေသည်။ မြန်မာအဘိဓာန်နှင့် စာလုံးပေါင်းသတ်ပုံကျမ်းအရ ပန်းပဲဟု သာရေးသားသုံးနှုန်းရမှာဖြစ်သော်လည်း ပန်းဘဲတန်းလို့ ရေးသားသုံးနှုန်းနေကြသည်။ သမိုင်းကြောင်းအရ ကုန်းဘောင်ခေတ်ဦးတွင်ပန်းဘဲ(ပဲ)လုပ်ကိုင်အသက်မွေးသူများနေထိုင်ခဲ့ရာဖြစ်သည်။ မြတ်ဘုရားရွှေတိဂုံကို မင်းတုန်းမင်းကြီး ထီးတော်တင်လှူခဲ့စဉ်က ပန်းဘဲတန်းရပ်နေ ပန်းပဲဆရာကြီးဦးစနှင့် ဦးညိုတို့က ထီးတော်အောက်ခံသံကိုင်း၊ သံလက်တွေပြုလုပ်ပေးခဲ့ရသည်။ သာယာဝတီမင်းတည်ဆောက်ခဲ့သော ဥက္ကလာပအောင်မြင်ရန်နှင့် ပန်းဘဲတံခါးမှထွက်လျှင် ပန်းဘဲတန်းရပ်သို့ရောက်သည်။ ကုန်းဘောင်ခေတ်က ရန်ကုန်မြို့၏ လမ်းအမည်တွေကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအလိုက် မှည့်ခေါ်ခဲ့သည်။ ယခုအခါ သံထည်လုပ်ငန်းလုပ်ကိုင်သူတွေကို အစွဲပြုကာ မှည့်ခေါ်ခဲ့သော ပန်းဘဲတန်းရပ်သည် စီးပွားရေးမြို့ေ တ်ာဖြစ်သည့် ရန်ကုန်မြို့၏ အချက်အချာအကျဆုံးနှင့် ရောင်းဝယ်ဖောက်ကားမှု အစည်ကားဆုံးမြို့ နယ်ဖြစ်နေသည်။ Down Town ဟုလည်းကောင်း၊ Central Business District (CBD) ဟုလည်း ခေါ်ဝေါ် သတ်မှတ်ကြသည့် မြို့လယ်မြို့နယ်များ၏ အလယ်ဗဟိုတွင် တည်ရှိနေသောမြို့ နယ်ဖြစ်သည်။ အရှေ့ ဘက်တွင် ဆူးလေဘုရားလမ်း၊ အနောက်ဘက်တွင် ရွှေတိဂုံဘုရားလမ်း၊ တောင်ဘက်တွင် ကမ်းနားလမ်းနှင့် မြောက်ဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းတို့ပိုင်းခြားထာပြီး ဂဏန်းသင်္ချာတပ်လမ်းတွေ အနေနှင့် ၂၅ လမ်းကနေ ၃၂ လမ်းအထိရှိသည်။ သုည ဒသမ ၂၉၃ စတုရန်းမိုင်ကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း ၁၁ရပ်ကွက်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ၁၉၅၈ခုနှစ်၊ အမှတ် (၆) နယ်မြေ၊ ပန်းဘဲတန်းဒေသ စိပ်ကနေ၊ ၁၉၇၂ခုနှစ်၊ စနစ်သစ်အုပ်ချုပ်ရေးကာလရောက်သောအခါ ပန်းဘဲတန်းမြို့နယ်ဖြစ်လာပြီး ရန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင်အတွင်း ပါဝင်သည့်မြို့နယ် (၁၃)မြို့နယ်တွင် သမိုင်းဝင်ထင် ရှားသော ရဟန္တာသိမ်တော်ကြီး၊ ဘာသာပေါင်းစုံ၏ ဘာသာရေးအဆောက်အအုံများ၊ သမိုင်းဝင်ဈေးကြီး များ၊ သမိုင်းဝင်အဆောက်အအုံများ စုပုံတည်ရှိရာမြို့နယ်ဖြစ်သည်။ “ပန်းပဲတန်းမြို့နယ် အတွင်းကသမိုင်း ဝင်ဈေးများ” ဈေးဆိုတာ ကုန်ပစ္စည်းတွေရောင်းဝယ်ဖောက်ကားရာ အရပ်ဖြစ်သည်။ ပန်းဘဲတန်းမြို့နယ်အ တွင်း ပထမဦးဆုံးတည်ရှိခဲ့သည့်ဈေးကို ကမ်းနားဈေးကြီး Strand Bazaar ဟုခေါ်သည်။ ကမ်းနားလမ်းမကြီး Strand ရွှေဘုံသာလမ်း(မဂိုလမ်း)နှင့် ရွှေတိဂုံဘုရားလမ်း(China Street)အတွင်း လှပခံ့ညားထည်ဝါ စွာ ရေပန်းနှင့် အလှဆင်ပေးထားသည့်ဈေးဖြစ်သည်။ ခရစ်နှစ် ၁၈၈၄ခုနှစ်တွင် ရန်ကုန်ဆိပ်ခံတံတားတွေ တည်ဆောက်ဖို့အတွက် လှပသည့်ဈေးကြီးကို ဖျက်သိမ်းပေးခဲ့ရသည်။ ခရစ်နှစ် ၁၈၅၃ ခုနှစ် စူရတီဘုရားဘဇား Surati Bara Bazaar ခေါ်သည့် သိမ်ကြီးဈေးကို A ရုံ မှနေစတင်တည်ဆောက်ခဲ့သည်။ သိမ်တော်ကြီး၏ မြေတစ်စိတ်တစ်ဒေသပေါ်မှာ တည်ဆောက်ထားသည့်အတွက် အများသူငါက သိမ်ကြီးဈေးကို A, B, C, D, E စသည့် ကုန်ပစ္စည်းအမျိုးအစားအလိုက် ဈေးရုံကြီးတွေ ခွဲခြားတည်ေ ဆာက်ပေးထားခဲ့သည်။ ခရစ်နှစ် ၁၉၂၆ ခုနှစ်တွင် ဖျက်သိမ်းပေးလိုက်ရသည့် ကမ်းနားဈေးကြီးအစား ဗိုလ်ချုပ်အောင်ဆန်းဈေှး Scott Market ကို ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ဈေးသစ်ကြီးအဖြစ် တည်ဆောက်ပေးခဲ့သည်။ ရန်ကုန်မြူနီစီပါယ်က Gain Scott အမည်ဖြင့် Scott Market လို့ခေါ်ခြင်းဖြစ်သည်။ ဂျပန်ခေတ်မှာ ရန်နိုင်ဈေးအမည်ရခဲ့ပြီး လွတ်လပ်ရေးရပြီးအချိန်မှ ဗိုလ်ချုပ်အောင်ဆန်းဈေး အမည်ရလာခြင်းဖြစ်သည်။ “ကုန်ုသေးတန်း၊ ကုန်ဈေးတန်း၊ Edward Street” အလောင်းဘုရားမြို့ ကွက်တွင် ကုန်သေးတန်းအမည်ရခဲ့ခြင်းမှာ ကုန်ပစ္စည်းအသေးအဖွဲတွေ ရောင်းဝယ်ဖောက်ကားခဲ့၍ဖြစ်သည်။ နယ်ချဲ့ခေတ်မှာ ကပ္ပလီသွေးနှောသူ Robert Samuel Edward အမည်ဖြင့် အက်ဒွပ်လမ်းအမည်ရခဲ့သည်။ ဂျပန်ခေတ်အတွင်းရောက်သောအခါ ကုန်ဈေးတန်းအမည်ရခဲ့သည်။ “စဆိုတန်း၊ ပုဆိုးတန်း၊သံဖြူတန်းသင်္ဘောသားလမ်း” ပန်းဘဲတန်းမြို့နယ်အတွင်းက အသက်မွေးဝမ်းကျောင်းအလိုက် မှည့်ခေါ်ထားသောလမ်းအမည်များသည် နယ်ချဲ့တို့၏ရန်ကုန်မြို့ကွက်တွင် ဂဏန်းသင်္ချာတပ်လမ်းများဖြစ်လာသည်။ စာဆိုတန်းက ယခု ၂၅ လမ်း၊ ပုဆိုးတန်းက ၂၇ လမ်း(ယခု ထီဆိုင်တန်း)၊ သံဖြူတန်းက ယခု ၂၈ လမ်းဖြစ်လာသည်။အာရက်ကတီ(အာရတ်) သင်္ဘောသားလမ်းက (အခု လမ်း ၃ဝ) ဖြစ်သည်။ "ကျောက်တံတား၊ ကုလားတန်း၊ မုံတီကုန်းနှင့် ရှော်တန်း" အလောင်းဘုရား၏ရန်ကုန်မြို့ကွက်က အမည်ြဖစ်ခဲ့သည့် ကျောက်တံတားသည် ယခု ၂၆ လမ်း၊ ကုလားတန်းက ရွှေဘုံသာလမ်း (မဂို)နှင့် ၂၉ လမ်း အပါအဝင်ဖြစ်ခဲ့သည်။ မုံတီကုန်းသည် နယ်ချဲ့ခေတ်က စစ်ကဲမောင်ထော်လေးလမ်း (ယခု ဗိုလ်ဆွန်ပတ်လမ်း)နှင့် ၃၂လမ်းက ရေလယ်ကျောင်းလမ်း အမည်ရခဲ့သည်။ ရှော်တန်းဆိုသည်မှာ ယခုဆူးလေဘုရားလမ်းနှင့် ၀န်းကျင်ကိုခေါ်တွင်ခဲ့သည်ဖြစ်သည်။ Ref: မောင်မြတ်မွန် (ဆူးလေ)၊ မြို့တော်သတင်း။
ပန်းဘဲတန်းဆိုသည်မှာ သံထည်အမျိုးမျိုးကိုသွန်းထုသည့် အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ကြသူများ အခြေချနေထိုင်သောအရပ်ဖြစ်သည်။ “ဘုရားမတင်၊ နတ်မ၀င်” ပန်းဆယ်မျိုးမှာပါဝင်နေသည်။ မြန်မာအဘိဓာန်နှင့် စာလုံးပေါင်းသတ်ပုံကျမ်းအရ ပန်းပဲဟုသာရေးသားသုံးနှုန်းရမှာဖြစ်သော်လည်း ပန်းဘဲတန်းလို့ ရေးသားသုံးနှုန်းနေကြသည်။ သမိုင်းကြောင်းအရ ကုန်းဘောင်ခေတ်ဦးတွင် ပန်းဘဲ(ပဲ)လုပ်ကိုင်အသက်မွေးသူများနေထိုင်ခဲ့ရာဖြစ်သည်။

မြတ်ဘုရားရွှေတိဂုံကို မင်းတုန်းမင်းကြီး ထီးတော်တင်လှူခဲ့စဉ်က ပန်းဘဲတန်းရပ်နေ ပန်းပဲဆရာကြီး ဦးစနှင့် ဦးညိုတို့က ထီးတော်အောက်ခံ သံကိုင်း၊ သံလက်တွေပြုလုပ်ပေးခဲ့ရသည်။ သာယာဝတီမင်း တည်ဆောက်ခဲ့သော ဥက္ကလာပအောင်မြင် ရန်နှင့် ပန်းဘဲတံခါးမှထွက်လျှင် ပန်းဘဲတန်းရပ် သို့ရောက်သည်။ ကုန်းဘောင်ခေတ်က ရန်ကုန်မြို့၏ လမ်းအမည်တွေကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းအလိုက် မှည့်ခေါ်ခဲ့သည်။

ယခုအခါ သံထည်လုပ်ငန်းလုပ်ကိုင်သူတွေကို အစွဲပြုကာ မှည့်ခေါ်ခဲ့သော ပန်းဘဲတန်းရပ်သည် စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့၏ အချက်အချာအကျဆုံးနှင့် ရောင်းဝယ်ဖောက်ကားမှု အစည်ကား ဆုံးမြို့နယ်ဖြစ်နေသည်။ Down Town ဟုလည်းကောင်း၊ Central Business District(CBD) ဟုလည်း ခေါ်ဝေါ်သတ်မှတ်ကြသည့် မြို့လယ်မြို့နယ်များ၏ အလယ်ဗဟိုတွင် တည်ရှိနေသောမြို့နယ်ဖြစ်သည်။

အရှေ့ဘက်တွင် ဆူးလေဘုရားလမ်း၊ အနောက်ဘက်တွင် ရွှေတိဂုံဘုရားလမ်း၊ တောင်ဘက်တွင် ကမ်းနားလမ်းနှင့် မြောက်ဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းတို့ပိုင်းခြားထာပြီး ဂဏန်းသင်္ချာတပ် လမ်းတွေ အနေနှင့် ၂၅ လမ်းကနေ ၃၂ လမ်းအထိရှိသည်။ သုည ဒသမ ၂၉၃ စတုရန်းမိုင်ကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း ၁၁ရပ်ကွက်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။

၁၉၅၈ခုနှစ်၊ အမှတ် (၆) နယ်မြေ၊ ပန်းဘဲတန်းဒေသစိပ်ကနေ၊ ၁၉၇၂ခုနှစ်၊ စနစ်သစ်အုပ်ချုပ်ရေး ကာလရောက်သောအခါ ပန်းဘဲတန်းမြို့နယ်ဖြစ်လာပြီး ရန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင်အတွင်း ပါဝင်သည့်မြို့နယ် (၁၃)မြို့နယ်တွင် သမိုင်းဝင်ထင်ရှားသော ရဟန္တာသိမ်တော်ကြီး၊ ဘာသာပေါင်းစုံ၏ ဘာသာရေးအဆောက်အအုံများ၊ သမိုင်းဝင်ဈေးကြီးများ၊ သမိုင်းဝင်အဆောက်အအုံများ စုပုံတည်ရှိရာမြို့နယ်ဖြစ်သည်။

“ပန်းပဲတန်းမြို့နယ် အတွင်းကသမိုင်းဝင်ဈေးများ”

ဈေးဆိုတာ ကုန်ပစ္စည်းတွေရောင်းဝယ်ဖောက်ကားရာ အရပ်ဖြစ်သည်။ ပန်းဘဲတန်းမြို့နယ်အတွင်း ပထမဦးဆုံးတည်ရှိခဲ့သည့်ဈေးကို ကမ်းနားဈေးကြီး Strand Bazaar ဟုခေါ်သည်။ ကမ်းနားလမ်းမကြီး Strand ရွှေဘုံသာလမ်း(မဂိုလမ်း)နှင့် ရွှေတိဂုံဘုရားလမ်း(China Street)အတွင်း လှပခံ့ညားထည်ဝါစွာ ရေပန်းနှင့် အလှဆင်ပေးထားသည့်ဈေးဖြစ်သည်။ ခရစ်နှစ် ၁၈၈၄ခုနှစ်တွင် ရန်ကုန်ဆိပ်ခံတံတားတွေ တည်ဆောက်ဖို့အတွက် လှပသည့်ဈေးကြီးကို ဖျက်သိမ်းပေးခဲ့ရသည်။

ခရစ်နှစ် ၁၈၅၃ ခုနှစ် စူရတီဘုရားဘဇား Surati Bara Bazaar ခေါ်သည့် သိမ်ကြီးဈေးကို A ရုံ မှနေစတင်တည်ဆောက်ခဲ့သည်။ သိမ်တော်ကြီး၏ မြေတစ်စိတ်တစ်ဒေသပေါ်မှာ တည်ဆောက်ထားသည့်အတွက် အများသူငါက သိမ်ကြီးဈေးကို A, B, C, D,
E စသည့် ကုန်ပစ္စည်းအမျိုးအစားအလိုက် ဈေးရုံကြီးတွေ ခွဲခြားတည်ဆောက်ပေးထားခဲ့သည်။

ခရစ်နှစ် ၁၉၂၆ ခုနှစ်တွင် ဖျက်သိမ်းပေးလိုက်ရသည့် ကမ်းနားဈေးကြီးအစား ဗိုလ်ချုပ်အောင်ဆန်းဈေှး Scott Market ကို ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ဈေးသစ်ကြီးအဖြစ် တည်ဆောက်ပေးခဲ့သည်။ ရန်ကုန်မြူနီစီပါယ်က Gain Scott အမည်ဖြင့် Scott Market လို့ခေါ်ခြင်းဖြစ်သည်။ ဂျပန်ခေတ်မှာ ရန်နိုင်ဈေးအမည်ရခဲ့ပြီး လွတ်လပ်ရေးရပြီးအချိန်မှ ဗိုလ်ချုပ်အောင်ဆန်းဈေး အမည်ရလာခြင်းဖြစ်သည်။

“ကုန်ုသေးတန်း၊ ကုန်ဈေးတန်း၊ Edward Street”

အလောင်းဘုရားမြို့ ကွက်တွင် ကုန်သေးတန်းအမည်ရခဲ့ခြင်းမှာ ကုန်ပစ္စည်းအသေးအဖွဲတွေ ရောင်းဝယ်ဖောက်ကားခဲ့၍ဖြစ်သည်။ နယ်ချဲ့ခေတ်မှာ ကပ္ပလီသွေးနှောသူ Robert
Samuel Edward အမည်ဖြင့် အက်ဒွပ်လမ်းအမည်ရခဲ့သည်။ ဂျပန်ခေတ်အတွင်းရောက်သောအခါ ကုန်ဈေးတန်းအမည်ရခဲ့သည်။

“စဆိုတန်း၊ ပုဆိုးတန်း၊သံဖြူတန်းသင်္ဘောသားလမ်း”

ပန်းဘဲတန်းမြို့နယ်အတွင်းက အသက်မွေးဝမ်းကျောင်းအလိုက် မှည့်ခေါ်ထားသောလမ်းအမည်များသည် နယ်ချဲ့တို့၏ရန်ကုန်မြို့ကွက်တွင် ဂဏန်းသင်္ချာတပ်လမ်းများဖြစ်လာသည်။ စာဆိုတန်းက ယခု ၂၅ လမ်း၊ ပုဆိုးတန်းက ၂၇ လမ်း(ယခု ထီဆိုင်တန်း)၊ သံဖြူတန်းက ယခု ၂၈ လမ်းဖြစ်လာသည်။အာရက်ကတီ(အာရတ်) သင်္ဘောသားလမ်းက (အခု လမ်း ၃ဝ) ဖြစ်သည်။

"ကျောက်တံတား၊ ကုလားတန်း၊ မုံတီကုန်းနှင့် ရှော်တန်း"

အလောင်းဘုရား၏ရန်ကုန်မြို့ကွက်က အမည်ြဖစ်ခဲ့သည့် ကျောက်တံတားသည် ယခု ၂၆ လမ်း၊ ကုလားတန်းက ရွှေဘုံသာလမ်း (မဂို)နှင့် ၂၉ လမ်း အပါအဝင်ဖြစ်ခဲ့သည်။ မုံတီကုန်းသည် နယ်ချဲ့ခေတ်က စစ်ကဲမောင်ထော်လေးလမ်း (ယခု ဗိုလ်ဆွန်ပတ်လမ်း)နှင့် ၃၂လမ်းက ရေလယ်ကျောင်းလမ်း အမည်ရခဲ့သည်။ ရှော်တန်းဆိုသည်မှာ ယခုဆူးလေဘုရားလမ်းနှင့် ၀န်းကျင်ကိုခေါ်တွင်ခဲ့သည်ဖြစ်သည်။

Ref: မောင်မြတ်မွန် (ဆူးလေ)၊ မြို့တော်သတင်း။

0 comments:

Post a Comment

 
Back to top!