Searching...
Oct 25, 2013

မုံရွာမြို့၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ICT Exhibition ပြပွဲ



ictApex IT Develoment Co.,Ltd မှ ကြီးမှူး၍ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ICT Exhibition အခမ်း အနားကို အောက်တိုဘာ၂၅ ရက်မှ ၂၇ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပါသည်။

အောက်တိုဘာ ၂၆ ရက်နေ့ နံနက် ၈နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေး ၀န်ကြီး ဒေါက်တာမြင့် သိန်း၊ လျှပ်စစ်စက်မှု လက်မှုဝန်ကြီး ဦးကျော်ဝင်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုမ္ဂဏီလုပ်ငန်းရှင်များမှ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

ယင်းပြပွဲတွင် APEX IT DEVELOPMENT CO.,LTD (AITD) မှ ဦးစီး၍ Gandamar Company မှ Main Sponsor အဖြစ် ဆောင်ရွက်ပေးခဲ့ပြီး Smart Pro Jounal မှ Journal Sponsor အဖြစ် ပူးပေါင်းဆောင်ရွက်လျှက် ရှိပါသည်။ ယင်းပြပွဲသို့ ရန်ကုန်မြို့မှ အိုင်တီကုမ္ဂဏီများဖြစ်သော ASUS , Acer , ASROCK , Cyber Power , Singtech , Lenovo တို့မှ ၀င်ရောက်ပြသလျှက်ရှိပါသည်။ ပြပွဲတွင် AITD မှ ထူးခြားသော ကံစမ်းမဲ အစီ အစဉ်များနှင့် ပျော်ရွှင်စရာ Happy Hour အစီအစဉ်များကိုလည်း ပြပွဲလာ ပြည်သူများ စိတ်ဝင်စားမှု ပိုမိုရရှိစေရန် အထူးစီမံထားပါသည်။ ၄င်းအပြင် AITD မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်နိုင်နိုင်မော်မှ မုံရွာမြို့နေ လူငယ်များ အသိပညာ အတတ်ပညာ များ ပိုမိုတိုးတက်စေရန်နှင့် လူငယ်လူရွယ်များ မိမိတို့၏ ပင်ကိုယ် အရည်အချင်းများအား ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်၍ "အလုပ်အကိုင်အခွင့်အလမ်း" ရရှိစေရန် အလို့ငှာ ပြပွဲတွင် လူငယ်များ မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို ဖြည့်စွက်ခြင်းဖြင့် ရန်ကုန်မြို့ရှိ ကုမ္ဂဏီကြီးများတွင် အလုပ်အကိုင်များ ရရှိစေရန် ဤပြပွဲတွင် ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။

စိတ်ပါဝင်စားသူ လူငယ်လူငယ်ရွယ်များအလုပ်အကိုင် အခွင့်အလမ်း စိတ်ပါဝင်စားသူများ ဤပြပွဲတွင် အလုပ်များလည်း လျှောက်ထားနိုင်ပါသည်။ AITD မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နိုင်နိုင်မော်မှ စစ်ကိုင်းဒေ သကြီး ၏ ဒေသခံပြည်သူများ စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေသော နည်းပညာအသစ်များကို မျက်ခြေမပြတ်လေ့ လာနိုင်စေရန် ၊ စစ်ကိုင်း တိုင်းဒေသကြီး အစိုးအရအဖွဲ့အနေဖြင့် e - Government ဖော်ဆောင်ရာ တွင် အထောက်အကူ ဖြစ်စေမည့် ICT နည်းပညာများကို ကြည့်ရှူလေ့ လာနိုင်ရန် ၊ ICT နည်းပညာများကို ဒေသခံ လူငယ်များ လေ့လာ ခွင့်ရရှိစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုများပြားလာစေရန် နှင့် ကုမ္ဂဏီကြီးများမှလည်း မိမိတို့၏ ကုန်ပစ္စည်းအသစ်အဆန်း များနှင့် ဒေသခံပြည်သူများအား တိုက်ရိုက်မိတ်ဆက်ခွင့် ရစေရန် ရည်ရွယ်၍ ယခုပြပွဲအား ကျင်းပရခြင်း ဖြစ်သည်ဟု ရှင်းပြခဲ့ပါသည်။

.
ရိုးရားလေး

0 comments:

Post a Comment

 
Back to top!