Searching...
Oct 4, 2013

Tigerair လေကြောင်းလိုင်းမှ ရန်ကုန်နှင့် စင်္ကာပူကြား တိုက်ရိုက် ပြေးဆွဲမည်


စင်္ကာပူနိုင်ငံ အခြေစိုက် Tigerair လေကြောင်းလိုင်းမှ ရန်ကုန်နဲ့ စင်္ကာပူ နိုင်ငံကြား တိုက်ရိုက် ပျံသန်းမှု ခရီးစဉ်ကို အောက်တိုဘာလ ၁ ရက်နေ့မှာစတင် ပျံသန်းနေပြီ ဖြစ်တယ်လို့ အောက်တိုဘာလ ၁ ရက်နေ့မှာ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ လေကြောင်းလိုင်းသစ် ဖွင့်ပွဲ အခမ်းအနားမှ သိရပါတယ်။ အဆိုပါ Tigerair လေကြောင်းလိုင်း အနေနဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပထမဆုံး အကြိမ် ပျံသန်း ပြေးဆွဲတာ ဖြစ်ပြီး စင်္ကာပူမှ တစ်ဆင့် မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်၊ သြစတြေးလျ အပါအ၀င် အာရှပစိဖိတ် ဒေသများရှိ နိုင်ငံပေါင်း ၅၀ ကျော်သို့ Air Bus လေယာဉ် အစင်းရေ စုစုပေါင်း ၄၅ စင်းနဲ့ တိုက်ရိုက် ပျံသန်း ပြေးဆွဲ လျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ပိုင်း မှာလည်း မန္တလေးနဲ့ နေပြည်တော် တို့မှာပါ တိုးချဲ့ပြေးဆွဲ သွားမှာ ဖြစ်ပါတယ်။


အဆိုပါ Tigerair လေကြောင်း လိုင်းကို ၂၀၀၄ ခုနှစ်က စတင် တည်ထောင် ခဲ့တာဖြစ်ပြီး အာရှပစိဖိတ် ဒေသ တွင်းရှိ ခရီးသွားများ အတွက် ၀န်ဆောင်မှု ပေးလျက်ရှိသော လေကြောင်း လိုင်းပဲ ဖြစ်ပါတယ်။ Tigerair Group အနေနဲ့ စင်္ကာပူ၊ သြစတြေးလျ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတို့မှာ အခြေပြု ပျံသန်း ပြေးဆွဲလျက် ရှိပြီး အာရှဒေသတွင်း အခြားသော ပူးပေါင်း ဆောင်ရွက်မှု များနဲ့ လေကြောင်း လိုင်းကို ပိုမိုတိုးချဲ့ရန် ရည်ရွယ် ထားတယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် အခုလို ပြေးဆွဲတဲ့ ရန်ကုန် စင်္ကာပူ ခရီးစဉ် အတွက် လက်မှတ်များကို Tigerair ရဲ့ Website ဖြစ်တဲ့ www.tigerair.com, Tigerair Mobile Application (Andriod and Apple) တို့အပြင် ခရီးသွား အေဂျင်စီများ မှာလည်း ၀ယ်ယူနိုင်တာ ဖြစ်တယ်လို့ သိရှိရပါတယ်။
 
From : ..mrtv4

0 comments:

Post a Comment

 
Back to top!