Searching...
Nov 4, 2013

ဂိုးမုန်တိုင်း တိုက်ပွဲအတွက် ကျေနပ် ပျော်ရွင်နေသည့် ဇာဘလက်တာ



ဂိုးမုန်တိုင်း တိုက်ပွဲအတွက် ကျေနပ် ပျော်ရွင်နေသည့် ဇာဘလက်တာမန်ချက်စတာ စီးတီး အသင်း၏ နောက်ခံ လူဇာဘလက် တာက ယမန်နေ့  ညကက ကစားသွားခဲ့သည့် နော့်ဝစ် စီးတီး အသင်း အား ၇-၀ ဖြင့် ဂိုး မုန်တိုင်း တိုက်ခတ် နိုင်ခဲ့ သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၌ အသင်း ဧ။် ခြေစွမ်း အား အထူး ကျေနပ် မိကြောင်း ပြောဆို သွားခဲ့သည် ဟု သိရသည်။ အဆိုပါ နိုင်ပွဲ အတွက် စီးတီး နောက်ခံ လူက

" ပြီးခဲ့တဲ့ အပတ် တုန်းက ချဲလ်ဆီး အသင်း ကို ရှုံးနိမ့် လိုက်ကတည်းက ဒီပွဲ ကို ကျနော် တို့  မဖြစ်မနေ နိုင်အောင် ကန်ရမယ် ဆိုတာ သိပြီးသားပါ ။ ဒါပေမယ့် ဒီနေ့ ည မှာတော့ ကျနော် တို့  မျှော်လင့် ထားတဲ့ အတိုင်း အကောင်းဆုံး ကစား ပြနိုင်ခဲ့ပြီး တော့ ခြေစွမ်း နဲ့  ထိုက်တန်တဲ့ ရလဒ် ကို ပိုင်ဆိုင် နိုင်ခဲ့ပါတယ်။"

" အသင်းရဲ့  ကွင်းလယ် နင့် တိုက်စစ်က တော့ အထူး စပါယ်ရှယ် ပုံစံ နဲ့  ပြသ သွားနိုင်ခဲ့ပါတယ် ။ဒါကြောင့် လည်း ကျနော် တို့  မျှော်လင့် ထားတဲ့ အတိုင်း တကယ့် ကောင်းမွန် စွာ ဖော်ဆောင်နိုင်ခဲ့ကြ တာပါ။ ကျနော်တို့  ပုံမှန် အတိုင်းသာ ကစားနိုင်ရင် ကျနော် တို့ မှာ အကောင်းဆုံး သော စုဖွဲမှု ရသန် ရှိနေပြီး သား ဆိုတာ ခင်ဗျား တို့ အားလုံး သိပါတယ်။

ဘာလို့ လဲ ဆိုတော့ ကျနော် တို့ မှာ အထူး စပါယ်ရှယ် ကစားသမား နစ်ယောက် ရှိပါတယ်။ ဒါမယ့် အသင်း အနိုင်ရရေး အတွက် ဘယ်သူ ဘယ်ဝါ ဆိုတာ ခွဲခြား မနေပဲ တစ်ဦး ကိုတစ်ဦး ကူညီ ထောက်ပံ နိုင်ခဲ့ခြင်းက ကျနော် တို့ ရဲ့  နိုင်ပွဲ အတွက် အဓိက အကြောင်း ရင်းတစ်ခုပါပဲ " ဟု မန်ချက်စတာ စီးတီး ၀က်ဘ်ဆိုဒ် သို့  ပြောကြား သွားခဲ့ကြောင်း သိရသည်။

By ရိုးရာလေး

0 comments:

Post a Comment

 
Back to top!