Searching...
Nov 4, 2013

အောက်တိုဘာလ၏ အကောင်းဆုံးဂိုးဆု ၀ီလ်ရှိုင်းယားရရှိ



အောက်တိုဘာလ၏ အကောင်းဆုံးဂိုးဆု ၀ီလ်ရှိုင်းယားဆွတ်ခူးMatch of the day အစီအစဉ်အရ အောက်တို ဘာလအတွက် တစ်လတာ အကောင်းဆုံးဂိုးဆုကို ၀ီလ်ရှိုင်းယား ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။

နောဝစ်ခ်ျကို (၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ၀ီလ်ရှိုင်းယား သွင်းယူခဲ့သည့် အဖွင့်ဂိုးမှာ မဲ (၅၀)ရာခိုင်နှုန်း ရရှိကာ အောက်တိုဘာလ အကောင်းဆုံးဂိုးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ အဆိုပါဂိုးမှာ ဘယ်တောင်ပံ အနီးကပ်တွဲလုံးများဖြင့် ထိုးဖောက်လာရာမှတစ်ဆင့် ၀ီလ်ရှိုင်းယားက နောဝစ် လူကျွံထောင်ချောက်ကို ချိန်သားကိုက်ပြေးထွက်၍ ဂိုးသမားနှင့် တစ်ဦးချင်းအတွေ့ သွင်းယူခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ခရစ္စတယ်ပဲလေ့စ်ဘက်သို့ ကာဆာမီသွင်းယူခဲ့သည့်ဂိုးမှာ (၂၈)ရာခိုင်နှုန်း မဲရခဲ့ပြီး အောက်တို ဘာလ၏ ဒုတိယ အကောင်းဆုံးဂိုးအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ကက်ဆာမီမှာ ရစ်သာ ကန်တင်ပေးလိုက် သည့်ဘောလုံးကို ခရစ္စတယ်ပဲလေ့စ် နောက်ခံလူတစ်ဦးနှင့် အပြိုင်ယှဉ်ပြေးနေရာမှာ ရင်ဘတ်ဖြင့် ထိန်းပြီး ထောင့်ဖြတ်အနေအထားမှ မြေမကျ ကန်သွင်းယူခဲ့ခြင်းဖြစ်ကာ အဆိုပါဂိုးသွင်းဟန်မှာ ဟော်လန် ဂန္တ၀င်ကစားသမား မာကိုဗန်ဘက်စတန်၏ မြေမကျကန်ချက်များနှင့် တူညီနေကြောင်း သုံးသပ်ထားသည်။

အောက်တိုဘာလအတွင်း အကောင်းဆုံးဂိုးများ

1. ၀ီလ်ရှိုင်းယား - 50%(နောဝစ်ခ်ျနှင့်ပွဲမှ အဖွင့်ဂိုး)

2. ကက်ဆာမီ (ဖူလ်ဟမ်)- 28%(ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲမှ မြေမကျကန်ချက်)

3.စတာရစ်- 8%(၀က်စ်ဘရွန်းနှင့်ပွဲတွင် ဂိုးသမားပေါ် မတင်လိုက်သည့် စတုတ္ထဂိုး)

4. မော်ရစ်ဆင်(၀က်စ်ဟမ်း) - 3% (စပါးနှင့်ပွဲမှ မော်ရစ်ဆင်၏တစ်ကိုယ်တော် ထိုးဖောက်မှု)

5.ဆွာရက်ဇ်- 3%(၀က်စ်ဘရွန်းနှင့်ပွဲမှ ဆွာရက်ဇ်၏ဒုတိယဂိုး)

zaw zaw tun
By ရိုးရာလေး

0 comments:

Post a Comment

 
Back to top!