Searching...
Oct 29, 2013

၂၀၁၃ ခုနှစ်အတွင်း ဂျိုးဟတ်၏ အမှား(၉)ရပ်



(၂၀၁၃)ခုနှစ်အတွင်း ဂျိုးဟတ်၏ အမှား(၉)ရပ်ချဲလ်ဆီးနှင့်ပွဲစဉ်တွင် နက်စတာဆစ်၊ ဂျိုးဟတ်တို့၏အမှားကြောင့် မန်စီးတီးအသင်း ရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက်

၂၀၁၃ခုနှစ်အတွင်း ဂျိုးဟတ်ကျူးလွန်ခဲ့သည့် အမှားအယွင်း (၉)ကြိမ်ထိ ရှိခဲ့ပြီဖြစ်ကြောင်း Dailymail သတင်းစာက ဖော်ပြသွားခဲ့သည်။

ဖေဖော်ဝါရီလက ဂျိုးဟတ်၏အမှား(၂)ရပ်

ဂျိုးဟတ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကစားခဲ့သည့် ဆောက်သမ်တန်နှင့်ပွဲစဉ်တွင် အမှားအယွင်း(၂)ကြိမ်တိုင် လုပ်မိခဲ့ပြီး မန်စီးတီးမှာလည်း ((၃-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ရစ်ကီလမ်ဘတ် ကန်သွင်းသည့် ပြစ်ဒဏ်ဘောကန်ချက်ကို ဂျိုးဟတ်ဖမ်းရာတွင် ဘောလုံးပြန်ထွက်ခဲ့ပြီး ယင်းအဖြစ်အပျက်မှတစ်ဆင့် စတိဗ်ဒေးဗီးက ပထမဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဘာရီ ကိုယ့်ဂိုးကိုယ် သွင်းယူချိန်၌ ဂျိုးဟတ်၏ လှုပ်ရှားမှု နှေးကွေးပုံကိုလည်း အမှားအယွင်းတစ်ရပ်အဖြစ် ဖော်ပြထားသည်။

ဝက်စ်ဟမ်းကို ဂိုးပေးခဲ့ရသည့်ပွဲ

မန်စီးတီးက ၀က်စ်ဟမ်းကို (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ကာရိုးလ်ကန်သွင်းသည့် ဘောလုံးအား ဂျိုးဟတ် ဖမ်းမိသင့်ခဲ့သော်လည်း ၎င်း၏ခြေထောက်ကြား ဘောလုံးလိမ့်ဝင်သွားခြင်းမှာ ဂျိုးဟတ်၏တတိယမြောက် အမှားကျူးလွန်ခြင်းဖြစ်သည်။

မန်စီးတီးမှာလည်းမှား၊ အင်္ဂလန်မှာလည်းမှား

စကော့တလန်နှင့် ကစားခဲ့သည့်ပွဲတွင် ပွဲချိန်(၁၁)မိနစ်၌ ဧရိယာပြင်ပမှ မော်ရစ်ဆင် ကန်သွင်းယူသည့် ဘောလုံးအား ဂျိုးဟတ် ကာကွယ်ရာတွင် ဆုံးဖြတ်ချက် ပြတ်သားခြင်းမရှိခဲ့ဘဲ ပုတ်ထုတ်မည့်ပုံစံဖြင့် အမိဖမ်းရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ဂိုးဝင်သွားခဲ့ခြင်းဖြစ်သည်။

လက်စွမ်းပြသည်ဟု ဆိုနိုင်သော်လည်း

မန်စီးတီးသည် ကာဒစ်ဖ်နှင့်ပွဲစဉ်တွင် ယခုရာသီ ပထမဆုံးရှုံးပွဲကြုံခဲ့ပြီး အဆိုပါပွဲ၌ ဂျိုးဟတ် လက်စွမ်းပြနိုင်ခဲ့သည်ဟု ဆိုနိုင်သော်လည်း ဖရေဇာကမ်းဘဲလ်၏ ဒုတိယဂိုးကို ခွင့်ပြုခဲ့ရခြင်းမှာ ၎င်း၏အမှားမကင်းပေ။ ၀ှစ်တင်ဟန် ထောင့်ကန်ဘော ကန်တင်ချိန်တွင် ဂျိုးဟတ်မှာ ၎င်းနှင့်ပူးကပ်နေသည့် ဂန်နက်ဆင်ကိုသာ အာရုံစူးစိုက်နေပြီး ယင်းအတွက်ကြောင့် ပုတ်ထုတ်နိုင်ခဲ့ခြင်းမရှိပေ။(ယင်းဂိုးတွင် ဇာဘလက်တာ၏ အမှားအယွင်းမကင်းခဲ့)

ဆဋ္ဌမအမှား

ဗီလာကို မန်စီးတီး ရှုံးနိမ့်ခဲ့သည့်ပွဲတွင် အန်ဒရေ၀ိုင်မန်း ဆွဲပြေးလာသည့် ဘောလုံးကို ကာကွယ်ရန် ဂျိုးဟတ် ဂိုးဧရိယာပြင်သို့ ထွက်လာခြင်းမှာ အမှားအယွင်းတစ်ရပ်ဖြစ်နေသည်။

ဘိုင်ယန်နှင့်ပွဲမှ အမှားများက ဂျိုးဟတ်ကို ယုံကြည်မှုလျော့စေခဲ့

မန်စီးတီးမှာ ဘိုင်ယန်နှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် (၁-၃)ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့ပြီး ထိုပွဲစဉ်၌ ရစ်ဘာရီသွင်းယူခဲ့သည့် အဖွင့်ဂိုးနှင့် ရော်ဘင်၏ တတိယဂိုးတို့တွင် ဂျိုးဟတ်၏ ညံ့ဖျင်းမှုများကို မြင်တွေ့နိုင်သည်။ ဧရိယာအပြင်ဘက်မှ ရစ်ဘာရီ သွင်းယူခဲ့သည့်ဂိုးအား ဂျိုးဟတ် ဖမ်းမိသင့်ခဲ့သည့်အပြင် ရော်ဘင်၏ အနီးတိုင်ဘက် ကန်ချက်အား ကာကွယ်နိုင်သင့်ခဲ့သော်လည်း နှစ်ဂိုးခွင့်ပြုခဲ့ရသည်။

ရွှံလက်အိတ်ဆုနှင့်နီးစပ်လာ

ချဲလ်ဆီးနှင့် မန်စီးတီးပွဲစဉ်မှာ တစ်ဂိုးစီသရေကျသင့်ခဲ့သည့် ပွဲစဉ်တစ်ပွဲဖြစ်ပြီး နက်စ်တာဆစ်နှင့် ဂျိုးဟတ်တို့က ချဲလ်ဆီးအား အိမ်ကွင်းနိုင်ပွဲ လက်ဆောင်ပေးသွားခဲ့သည်။ နက်စ်တာဆစ် ပြန်ပေးသည့် ဘောလုံးကို ဂျိုးဟတ် တက်မယူသင့်ပေ။

zaw zaw tun
Yoyarlay

0 comments:

Post a Comment

 
Back to top!