Searching...
Nov 4, 2013

ဘောလုံး လောက၏ လစာ အများဆုံး ဂိုးသမား ထဲမှ တစ်ယောက် ဖြစ်လာတော့မည့် ဆစ်ဇနီ



ဘောလုံး လောက၏ လစာ အများဆုံး ဂိုးသမား ထဲမှ တစ်ယောက် ဖြစ်လာတော့မည့် ဆစ်ဇနီပရီးမီးယား လိဂ် အမှတ်ပေး ဇယားအား ဦးဆောင် နေသည့် အာဆင်နယ် အသင်းသည် ၄င်းတို့၏ အာထားရသည့် ပိုလန် ဂိုးသမားလေး ဆက်ဇနီ အား ၄ နစ် သက်တမ်းရှိ စာချုပ်တစ်ရပ် အား ချုပ်ဆို နိုင် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဒေးလီမေးလ် သတင်းစာ၏ အဆိုအရ အမြောက် တပ်ဖွဲ့ ဝင်များ သည် ၄င်းတို့ ဧ။် ဂိုးသမားလေး အတွက် ၄ နစ် သက်တမ်းရှိ စာချုပ် တစ်ရပ် ချုပ်ဆို နိုင်ခဲ့ပြီး စာချုပ်အရ ပိုလန် ဂိုးသမားလေး သည် ဘောလုံး လောက တွင် လစာ အများ ဆုံး ဂိုးသမားထဲ မှ တစ်ယောက် အပါဝင် ဖြစ်လာ တော့မည် ဖြစ်ကြောင်း သိရသည်။

ယခုနစ် ရာသီ တွင် သူဧ။် အကောင်းဆုံး လက်စွမ်း ကို ပြသ နေသည့် ပိုလန် ဂိုး သမား အတွက် အာဆင်နယ် အသင်း သည် ပေါင် သန်း ၂၀ ၊ တစ်နစ် ( ၅ ) သန်း တန် စာချုပ် တစ်ရပ် ကမ်းလှမ်း ခဲ့ပြီး အဆိုပါ စာချုပ် အရ လစာ တစ်ပတ် ပေါင် ၄ သောင်း သာ ရရှိနေသည့် ဂိုးသမားလေး သည် ယခု စာချုပ် သစ်အရ တစ်ပတ် ပေါင် ၁ သိန်း ထိ ရရှိလာမည် ဖြစ်ပြီး အဆိုပါ လစာ သည် ဘောလုံး လောက တွင် ဂိုးသမား တစ်ယောက် ဧ။် အများ ဆုံး လစာရရှိသူ အနည်း ငယ်မှ တစ်ယောက် အပါအ၀င် ဖြစ်ကြောင်း သိရသည်။

တချိန်ကလည်း အာဆင်နယ် အသင်း ဧ။် ပြင်သစ်သား ဂုရုကြီး သည် ဒါဘီ ပြိုင်ဘက် အသင်းဧ။် အင်္ဂလန် နောက်ခံလူ ကစားသမားကြီး အား ပရီးမီးယားလိဂ် ဧ။် ပထမဆုံး တစ်ပတ် လစာ ၁ သိန်း ရသည့် ကစားသမား စာရင်း ၀င်အောင် စာချုပ် ချုပ်ဆိုခဲ့ဖူးသည်။ လက်ရှိ ဘောလုံးလောက ဧ။် လစာ အများဆုံး ဂိုးသမား များ ( တစ်နစ် လစာ )

(၁) .. ကားဆီးလက်စ် ( ရီးရဲယ် ) ၆.၃၀ သန်း

(၂) .. နူအာ ( ဘေယန် ) ၅.၆၀ သန်း

(၃) .. ဘတ်ဖွန် ( ဂျူဗီ ) ၅.၅၀ သန်း

(၄) .. ပီတာချက် ( ချဲလ်ဆီး ) ၅.၂၀ သန်း

(၅) .. ဗဲလ်ဒက်စ် ( ဘာကာ ) ၅ .၀၀ သန်း

(၆) .. ဂျိုးဟတ် ( မန်စီးတီး ) ၄.၆၈ သန်း

(၇) .. ရေနာ ( နာပိုလီ ) ၄.၂၀ သန်း

(၈) .. ဒီဂီအာ ( မန်ယူ ) ၃.၆၄ သန်း

(၉) .. လောရိစ် ( တော့တင်ဟမ် ) ၃.၀၀ သန်း (၁၀) .ဆီရီဂူး ( ပီအက်စ်ဂျီ ) ၂.၆၀ သန်း

By ရိုးရာလေး

0 comments:

Post a Comment

 
Back to top!